မြန်မာနိုင်ငံရှမ်းဓမ္မကောလိပ်
ကျောင်းအုပ်ကြီး – သိက္ခာတော်ရဆရာစိုင်းတင်လှ
မြန်မာနိုင်ငံရှမ်းဓမ္မကောလိပ်ကို ၂၀၀၄ခုနှစ်၊ ဇွန်လတွင် စတင်တည်ထောင် ဖွင့်လှစ်ခဲ့ပြီး ယခု(၁၀)နှစ် ပြည့်တော့မည်ဖြစ်ပါသည်။ ယခုနှစ် ၂၀၁၄နှစ်အတွက် ကျောင်းတော်ကြီး၏ အစီရင်ခံစာကို အောက်ပါအတိုင်း တင်ပြအပ်ပါသည်။
၁။ကျောင်းအုပ်ချုပ်စီမံရေးအဖွဲ့၏ ပုံမှန်အစည်းအဝေး (၁)ကြိမ်နှင့် (၁၀)နှစ်ပြည့် ကျေးဇူးတော် ချီးမွမ်းခြင်း အစီအစဉ်အတွက် (၁)ကြိမ် ခေါ်ယူခဲ့ပါသည်။
၂။ မြန်မာနိုင်ငံရှမ်းဓမ္မကောလိပ်နေ့ကို နှစ်စဉ် ဩဂုတ်လ ပထမအပတ်တွင်၎င်း၊ ရှမ်းဓမ္မ ကောလိပ် ဆုတောင်းရာနေ့ကို နှစ်စဉ် နိုဝင်ဘာလ ပထမပတ်တွင်၎င်း ပြုလုပ်နိုင်ခဲ့သည်။
၃။ ကျောင်းတွင်းလှုပ်ရှားမှုအနေဖြင့် မိဿဟာယဘောလုံး၊ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး၊ စကားရည်လု၊ သီချင်းရေးစပ်သီဆို စသည့် ပြိုင်ပွဲများ ပြုလုပ်ခဲ့ပါသည်။
၎။ ကျောင်းတော်ကြီး၏ (၁၀)နှစ်ပြည့် အထိမ်းအမှတ် ပြက္ခဒိန်ကို ထုတ်ဝေနိုင်ခဲ့ပါသည်။
၅။ ကျောင်းတော်ကြီးတွင် ဓမ္မကထိက (၈)ဦး၊ စာကြည့်တိုက်မှူး(၁)ဦးနှင့် ကျောင်းသူ/သား
(၅၂)ဦး တက်ရောက်လျက်ရှိသည်။
၆။ ကျောင်းအုပ်ကြီးအနေဖြင့် မြန်မာနိုင်ငံနှစ်ခြင်းအသင်းချုပ် သီဩလောဂျီဌာနမှ ပြုလုပ်သော ကျောင်းအုပ်ကြီး များ ညီလာခံသို့လည်းကောင်း၊ အသင်းချုပ်နှင့် မြန်မာနိုင်ငံဓမ္မတက္ကသိုလ် မှ ပြုလုပ်သော Theological Educator နှင့် Round Table Worshop သို့ တက်ရောက်နိုင်ခဲ့သည်။
၇။ ဆရာစိုင်းမုန်မိန်း၏ စိုက်ပျိုးရေးဖြင့် သာသနာပြု နည်းဗျူဟာသင်တန်းသို့ တတိယနှစ် နှင့်
နောက်ဆုံးနှစ် ကျောင်းသူ/သားများကို စေလွှတ် သင်ယူစေခဲ့ပါသည်။
၈။ နွေရာသီ ကျောင်းပိတ်ရက်တွင် ဧဝံဂေလိနိုးကြားရေး အစီအစဉ်ထွက်ရန် ပြင်ဆင်လျက် ရှိပါသည်။
၉။ ကျောင်းတော်ကြီးတွင် လက်ရှိ C.Th, L.Th, B.Th နှင့် B.Min အစီအစဉ်များဖြင့် မြန်မာနိုင်ငံ နှစ်ခြင်းကျောင်းများနှင့် မြန်မာနိုင်ငံ သီဩလော်ဂျီပညာရေးအသင်း၏ သင်ရိုး အတိုင်း သင်ကြားလျှက်ရှိပါသည်။ လူမျိုးပေါင်းစုံ လာရောက် သင်ကြားလျက်ရှိရာ ၂၀၁၃- ၂၀၁၄ ခုနှစ်တွင် တက်ရောက်နေသော ကျောင်းသူ ကျောင်းသားများမှာ ရှမ်း၊ ကချင်၊ ကရင်၊ ပလောင်၊ လီဆူး၊ မွန်၊ နာဂ၊ ကူကီးချင်း စသည့်လူမျိုးစုံများကို ဓမ္မအမှုတော်ဆောင်ဖြစ် အောင် ပြုစု မွေးထုတ်ပေးလျက်ရှိပါသည်။ ၂၀၀၈ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ဓမ္မအမှုတော် ဆောင်ပေါင်း (၅၂)ဦးကို မွေးထုတ်ပေးခဲ့ပြီး မိမိနှင့် သက်ဆိုင်သောသာသနာကွင်းများတွင် အမှုတော်ဆောင်လျက်ရှိပါသည်။ ၂၀၁၃-၂၀၁၄ စာသင်နှစ်တွင် ကျောင်းသား(၁၃)ယောက် ကျောင်းသူ (၁၂)ယောက်၊ B.Min ကျောင်းသား (၁၃)ယောက် ကျောင်းသူ(၉)ယောက် စုစုပေါင်း (၄၉)ဦး ဓမ္မပညာ များကို ဆည်းပူးလျက်ရှိပါသည်။ ကျောင်းတော်ကြီးတွင် လက်ရှိ စာသင်ခန်း (၄)ခန်းတွဲတစ်ဆောင်၊ အမျိုးသမီးဆောင် နှင့် ဆရာမများအဆောင်တစ်ဆောင်၊ အိမ်ထောင်ရှင် မိသားစု ဆရာ၊ ဆရာမများ အဆောင်တစ်ဆောင်၊ ကျောင်းအုပ်နေအိမ်တစ်ဆောင်၊ မီးဖိုဆောင်တစ်ဆောင် ရှိပါသည်။ စက်ရေတွင်း (၃)တွင်း ရှိသော်လည်း အရေးကြီးသော ကျောင်းသားများအတွက် စာကြည့်တိုက်ဆောင် နှင့် ဝတ်ပြုဆောင် မရှိသေးပါ။ ကျောင်းသုံး ဆိုင်ကယ်(၂)စီး ရှိသော်လည်း မော်တော်ကားမရှိသေးပါ။ စာချကထိကများ၏ အရည်အချင်း မြှင့်တင်သော အစီအစဉ်များဖြစ်သော နိုင်ငံခြားပညာတော်သင်ခြင်း အစီအစဉ်ကိုလည်း အဖွဲ့ချုပ်မှ တဆင့် စီစဉ်ပေးလျှက်ရှိပါသည်။
၁၀။ သင်ကြားနေသော ဘာသာရပ်များ
(၁) ဓမ္မသစ် နိဒါန်း ( New Testament Introduction)
(၂) ဓမ္မသစ် သီဩလော်ဂျီ (New Testament Theology)
(၃) ဓမ္မသစ် အနက်ဖွင့်ခြင်း ( New Testament Exegisis)
(၄) ကျမ်းစာဖြစ်ပေါ်လာပုံသမိုင်း ( How Came the Bible)
(၅) ဓမ္မဟောင်း နိဒါန်း ( Old Testament Introduction)
(၆) ဓမ္မဟောင်း သီဩလော်ဂျီ (Old Testament Theology)
(၇) ဓမ္မဟောင်း အရေးအသား(Old Testament Writings)
(၈) ခရစ်ယာန်ကျင့်ဝတ် ( Christian Ethic )
(၉) အသင်းတော်သမိုင်း ( Church History)
(၁၀) သာသနာပြုခြင်း (Mission)
(၁၁) သင်းအုပ်ပညာ (Pastoral Theology)
(၁၂) တရားဟောနည်း (Homiletic)
(၁၃) ခရစ်ယာန်ဓမ္မပညာ ( Christian Religious Education )
(၁၄) ဘာသာတရားကြီးများ ( Living Faith )
(၁၅) တစ်လုံးတစ်ဝတည်းဆိုင်ရာလှုပ်ရှားမှု ( Ecumenical Movement)
(၁၆) နှစ်ခြင်းအခြေခံယုံကြည်ချက်နှင့်ကျင့်သုံးမှု ( Faith and Order)
(၁၇) ဝတ်ပြုခြင်းနှင့် ကျင့်သုံးမှု ( Worship and Liturgy)
(၁၈) စနစ်ကျသီဩလော်ဂျီ ( Systematic Theology)
(၁၉) ခေတ်သစ် ဓမ္မအတွေးအခေါ်များ ( Contemporary Christian Theology)
(၂၀) အာရှဓမ္မအတွေးအခေါ် ( Asian Theology)
(၂၁) ရှမ်းစာ ( Shan Literacy )
(၂၂) အင်္ဂလိပ်စာ ( Learning English )
(၂၃) ဂီတပညာ ( Music )
၁၁။ ရှေ့ရူပါရုံများ ( Vision)
– ကျောင်းတော်ကြီး၏ (၁၀)နှစ်ပြည့် အထိမ်းအမှတ် ပင်မဆောင်- လေးထပ်ဆောင် ဆောက်လုပ်ရန်ပြင်ဆင်ရေးဆွဲလျက် စတင်အကောင်အထည်ဖေါ်သွားရန် ရှိပါသည်။
– ကျောင်းသုံး မော်တော်ကား ဝယ်ယူအသုံးပြုရန် ရှိပါသည်။
– ကျောင်းတွင် လက်ရှိ သင်ကြားရေးအစီအစဉ် (၄)ခုအပြင် Lay Theology (B.T.S) အသင်းသားများ ဓမ္မသင်တန်း (ညကျောင်း) ကိုလည်း ဖွင့်လှစ်သင်ကြားရန်ရှိပါသည်။
– မြန်နိုင်ငံသီဩလော်ဂျီပညာရေးအသင်း(ATEM) နှင့် အဖွဲ့ဝင်ကျောင်းဖြစ်အောင် ပြင်ဆင်လျှက်ရှိပါသည်။
– နောက်တွင် နိုင်ငံတကာနှင့်ဆက်သွယ်လျက် Visiting Professor များ ဖိတ် ခေါ်လျှက် သင်ကြားရန်ရှိပါသည်။
၁၂။ ကျောင်းတော်ကြီး ဆက်လက်တည်တံ့ခိုင်မြဲ တိုးတက်ရန်အတွက် ဆက်လက်၍ ဆုတောင်း ပေးခြင်း၊ ပေးလှူခြင်း၊ အကြံပေး လမ်းညွှန်ခြင်းဖြင့် လက်တွဲလုပ်ဆောင်သွားကြပါစို့။
၁၃။ အဖက်ဖက်မှ ပေးလှူကြသော အလှူရှင်များအားလုံးကို ကျေးဇူးတင်လျက် ဘုရားသခင် ဆက်လက်ကောင်းကြီးပေးပါရန် ဆုတောင်းမေတ္တာပို့သအပ်ပါသည်။