လူငယ်ဌာန
သဘာပတိ – ဆရာစိုင်းသိန်းနိုင်ဦး
တာဝန်ခံ – ဆရာမနန်းလောင်ငင်း
လူငယ်ဌာန၏ အစီရင်ခံစာကို အောက်ပါအတိုင်းတင်ပြအပ်ပါသည်။
၁။ မြန်မာနိုင်ငံနှစ်ခြင်းအသင်းချုပ် လူငယ်ဌာန၏ ဌာနကော်မီတီနှင့် လုပ်ငန်းညှိနှိုင်းစည်း ဝေးများတွင် ပါဝင်ခဲ့ပါသည်။
၂။ ရွှေလီရှမ်းနှစ်ခြင်းသာသနာအဖွဲ့ချုပ် လူငယ်ဌာန၏ အလုပ်အမှုဆောင်၊ အထူးစည်းဝေး လုပ်ငန်းညှိနှိုင်း စည်းဝေးနှင့် လူငယ်ခေါင်းဆောင် နှီးနှောဖလှယ်ပွဲအတွက် “၀” အဖွဲ့ချုပ်နှင့် အစည်းအဝေးပြုလုပ်ခဲ့ပါသည်။
၃။ မြန်မာနိုင်ငံနှစ်ခြင်းအသင်းချုပ်၊ ခေါင်းဆောင်မြှင့်တင်ရေးဌာနမှ ပြုလုပ်သော အဆင့်မြှင့် မျိုးဆက်သစ် လူငယ်ခေါင်းဆောင်မြှင့်တင်ရေးသင်တန်း၊ အသင်းချုပ် လူငယ်ဌာနမှ ပြုလုပ်သော ပဥ္စမအကြိမ် နှစ်ခြင်းလူငယ်စုပေါင်းသမ္မာကျမ်းစာ သင်တန်း၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်း၊ နှစ်ခြင်းသာသနာနှစ်(၂၀၀)ပြည့်ပွဲတော်ကြီးတွင် အစေခံလူငယ်(၅)ဦးနှင့်အတူ ပါဝင်ဆက်ကပ်ခဲ့ပါသည်။
၄။ လူငယ်ဌာနနှင့်ဆိုင်သော အထူးနေ့များ၊ တစ်ရက်တာ အားသစ်လောင်းသင်တန်း၊ စုဗူး ဆက်ကပ်ခြင်း၊ သမ္မကျမ်းစာရေးဖြေခြင်းနှင့် ချစ်သူများနေ့( St. Valentine Day) တို့ကို ဆောင်ရွက်ခဲ့ပါသည်။
၅။ ရွှေလီရှမ်းနှစ်ခြင်းသာသနာအဖွဲ့ချုပ်၏ အထူးနေ့များ၊ ဌာနများ၏ အထူးနေ့များတွင် အသင်းတော် အသီးသီးတို့ လှည့်လည်၍ သမ္မာကျမ်းစာသင်ကြားခြင်း၊ ဓမ္မတေး သင်ကြားခြင်း၊ ဒေသနာ ဝေငှခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
၆။ မြန်မာနိုင်ငံနှစ်ခြင်းအသင်းချုပ် လူငယ်ဌာနမှ ဦးဆောင်၍ ၂၀၁၄ ခုနှစ် မေလ(၆-၉)ရက်တွင်ကျင်းပပြု လုပ်မည့် လူငယ်ခေါင်းဆောင်နှီးနှောဖလှယ်ပွဲအတွက် “၀” အဖွဲ့ချုပ်လူငယ်ဌာနနှင့် ပူးပေါင်းပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားရန် ပြင်ဆင်လျက် ရှိသည်။ အံ့ဘွယ် ကျေးဇူးတော် Amazing Grace