ဓမ္မအမှုတော်ဆောင်များဌာန
သဘာပတိ – သိက္ခာတော်ရဆရာစိုင်းထွန်းကျော်
တာဝန်ခံ – ဆရာမဒေါ်နန်းရွှေထွေး ဓမ္မအမှုတော်ဆောင်များဌာန၏ အစီရင်ခံစာကို အောက်ပါအတိုင်းတင်ပြအပ်ပါသည်။
(၁) ရွှေလီရှမ်းနှစ်ခြင်းခရစ်ယာန်သာသနာအဖွဲ့ချုပ်၌ ဓမ္မအမှုတော်ဆောင် (၄၄)ပါး ရှိပါသည်။ သိက္ခာတော်ရဆရာ၊ ဆရာမ(၁၇)ပါး၊ သိက္ခာမရသေးသောဆရာ၊ ဆရာမ(၂၇)ပါး၊
(၂)မြန်မာနိုင်ငံနှစ်ခြင်းအသင်းချုပ် ဓမ္မအမှုတော်ဆောင်များဌာန၏ လုပ်ငန်းညှိနှိုင်းစည်းဝေး နှင့် ဌာနစည်းဝေးများတက်ရောက်ခြင်း၊ ရွှေလီရှမ်းနှစ်ခြင်းခရစ်ယာန်သာသနာအဖွဲ့ချုပ်၏ ဓမ္မအမှုတော်ဆောင်များဌာနစည်းဝေး နှင့် ကော်မီတီစည်းဝေးများပြုလုပ်ခြင်း။
(၃)ဌာနနှင့်ဆိုင်သော အထူးနေ့များကျင်းပခြင်း၊ အပြစ်ဝန်ချတောင်းပန်ခြင်း၊ အစီအစဉ်များကို ပြုလုပ်နိုင်ခဲ့ပါသည်။
(၄) မူဆယ်ရှမ်းနှစ်ခြင်းခရစ်ယာန်အသင်းတော်မှဆရာဦးယောဟန်နှင့် နမ့်ခမ်းမြို့မ ရှမ်းနှစ်ခြင်း အသင်းတော်မှ ဆရာဦးစိုင်းဘိုးမောင်တို့အား သိက္ခာတင်မင်္ဂလာအပ်နှင်းခြင်းတို့ကိုဆောင်ရွက်နိုင်ခဲ့ပါသည်။
(၅)ဌာန၏ အသင်းဝင်သစ် (၄)ဦးကို လက်ခံနိုင်ခဲ့ပါသည်။
(၆)စတုတ္ထအကြိမ် ဓမ္မအမှုတော်ဆောင်များ ညီလာခံသို့ ကိုယ်စားလှယ်(၂၅)ဦးနှင့်အတူ ပါဝင်တက်ရောက် ခဲ့ပါသည်။